ဆလိုဗေးနီးယားလွှတ်တော်သည် စွမ်းအင်အကျပ်အတည်းများကြောင့် ဖြစ်ပေါ် လာသည့် သက်ရောက်မှုများကို ကုစားနိုင်ရန်အတွက် အသုံးစရိတ်လိုငွေပြမှုအား သိသိသာသာတိုးမြှင့်စေမည့် ၂၀၂၃-၂၀၂၄ ခုနှစ်အသုံးစရိတ်အစီအစဉ်အား နိုဝင်ဘာလ ၂၃ ရက်တွင် အတည်ပြုခဲ့ကြောင်း Xinhua သတင်းဌာနက နိုဝင်ဘာလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါအစီအစဉ်သည် စွမ်းအင်အကျပ်အတည်းများကြောင့် ဖြစ်ပေါ် လာသည့် နိုင်ငံအတွင်းငွေကြေးဖောင်းပွမှုနှုန်းများကို လျှော့ချရာတွင် အထောက်အကူ ဖြစ်စေနိုင်မည်ဟု ဆလိုဗေးနီးယားအစိုးရက မျှော်မှန်းထားပါသည်။ ယခုနှစ်အတွင်း ဆလိုဗေးနီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် နှစ် ၂၀ အတွင်း အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment