Sunday, November 20, 2022

ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် ၎င်းတို့၏ အကြမ်းဖက်ဥပဒေများကို တင်းကျပ်သင့်ကြောင်း ပြောကြားခဲ့ခြင်း

ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် ၎င်းတို့၏ အကြမ်းဖက်ဥပဒေများကို တင်းကျပ် သင့်ပြီး ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Workers' Party-PKK) ကဲ့သို့သော အကြမ်းဖက်အဖွဲ့များကို တိုက်ဖျက်ရန်အတွက် တူကီယဲနိုင်ငံ အပါအဝင် NATO အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း NATO အထွေထွေအတွင်း ရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ် (Jens Stoltenberg) က ပြောကြားခဲ့သည်ဟု TASS သတင်းဌာနက နိုဝင်ဘာလ ၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ လက်ရှိတွင် NATO အဖွဲ့သို့ ဝင်ရောက်ရန်လျှောက်ထားသည့် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ ဝင်ခွင့်လျှောက်လွှာ များကို အဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ တွင် ၂၈ နိုင်ငံက ခွင့်ပြုထားပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။ ဆွီဒင်နှင့် ဖင်လန်တို့သည် ပြီးခဲ့သည့် မေလ ၁၈ ရက်တွင် NATO အဖွဲ့သို့ဝင်ရောက်ရန် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment