အီရန်နိုင်ငံခြားရေးဝန်ကြီး
ဟို့စိန်အေမာအဗ္ဗဒိုလ်လာဟီရန် (Hossein
Amir-Abdollahian) နှင့်
တူကီယဲနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut
Cavusoglu) တို့သည် တူကီယဲ-ဆီးရီးယားနယ်စပ်တစ်လျှောက်တွင် ဖြစ်ပွားလျက်ရှိ သည့်
စစ်ရေးတင်းမာမှုများနှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၉ ရက်တွင် တယ်လီဖုန်းမှ တစ်ဆင့်ဆွေးနွေးခဲ့ကြောင်း
CGTN သတင်းဌာနက နိုဝင်ဘာလ ၃၀ ရက်တွင်
ဖော်ပြခဲ့ ပါသည်။
၎င်းနယ်စပ်၌
စစ်ဆင်ရေးများဆောင်ရွက်ခြင်းဖြင့် လက်ရှိဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းသွားနိုင်မည်မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက
ဆွေးနွေးမှု အတွင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် အဆိုပါကိစ္စရပ်များအား ဖြေရှင်းဆောင်ရွက်နိုင်ရေး တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းမှုများဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း
အီရန်နိုင်ငံခြားရေးဝန်ကြီးက ကာဗူဆိုဂလူအား
တိုက်တွန်းပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment