တူကီယဲနိုင်ငံ၏အထွေထွေရွေးကောက်ပွဲအား လာမည့်မေလ ၁၄ ရက်တွင် ကျင်းပသွားဖွယ်ရှိကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က အရိပ်အမြွတ်ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဇန်နဝါရီလ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံ၏အထွေထွေရွေးကောက်ပွဲများကို ဇွန်လ ၁၈ ရက်တွင်ကျင်းပရန် တရားဝင်သတ်မှတ်ထားရာ အဆိုပါသတ်မှတ်ရက်ထက် ၁ လခန့် စော၍ကျင်းပမည်ဟု တူကီယဲသမ္မတက ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအာဏာရ AKP ပါတီနှင့် ၎င်း၏မဟာမိတ် MHP ပါတီတို့အနေဖြင့် ထိုကဲ့သို့ ရွေးကောက်ပွဲဆောလျင်စွာ ကျင်းပနိုင်ရေး တောင်းဆိုမှုပြုလုပ်ရန်အတွက် လွှတ်တော်တွင် လုံလောက်သည့် အမတ် အရေအတွက်မရှိသောကြောင့် တူကီယဲသမ္မတအနေဖြင့် မတ်လအတွင်း၌ သမ္မတ၏ အခွင့်အာဏာကိုအသုံးပြု၍ လွှတ်တော်အား ဖျက်သိမ်းသွားဖွယ်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment