တူကီယဲနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံအတွင်းရှိ တူကီယဲတပ်ဖွဲ့ဝင်များအား ရုပ်သိမ်းပေးရန်နှင့် သူပုန်အဖွဲ့များအပေါ် ထောက်ပံ့ပေးနေမှုများအား ရပ်ဆိုင်းပေးရန် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ် (Bashar al-Assad) က တိုက်တွန်း ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဇန်နဝါရီလ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆီးရီးယားသမ္မတသည် ၎င်းတို့၏နိုင်ငံသို့ရောက်ရှိနေသည့် ရုရှားသမ္မတ၏ အထူးသံတမန် ဖြစ်သူ အလက်ဇန္ဒားလာရန်တီ (Alexander Lavrentiev) နှင့် တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဆီးရီးယား၊ တူကီယဲနှင့် ရုရှားနိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများသည် ဒီဇင်ဘာလ ၂၈ ရက်တွင်လည်း ရုရှား နိုင်ငံ၊ မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြရာ အဆိုပါအစည်းအဝေးအား အပြုသဘော ဆောင်သည့်အစည်းအဝေးအဖြစ် လာရန်တီက မှတ်ချက်ပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment