မော်လ်ဒိုဗာနိုင်ငံသည် ဂျာမနီနိုင်ငံမှ စစ်ဘက်ဆိုင်ရာထောက်ပံ့မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Piranha-3H အမျိုးအစား သံချပ်ကာလူသယ်ယာဉ် ၁၉ စီးအနက် ပထမဆုံး ၃ စီးအား လက်ခံရရှိခဲ့ကြောင်း The Defence Post သတင်းဌာနက ဇန်နဝါရီလ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါယာဉ်များပေးပို့မှုသည် ဂျာမနီကာကွယ်ရေးဝန်ကြီး ခရစ္စတီးလန်းဘရတ်ချ် (Christine Lambrecht) ၏ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ၌ မော်လ်ဒိုဗာသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ချုပ်ဆိုခဲ့သော နှစ်နိုင်ငံသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ မော်လ်ဒိုဗာနိုင်ငံအနေဖြင့် ၎င်းသံချပ်ကာလူသယ်ယာဉ်များအား မော်လ်ဒိုဗာစစ်ဘက်၌ လက်ရှိအသုံးပြုလျက်ရှိသည့် ယာဉ်အဟောင်းများနေရာတွင် အစားထိုးအသုံးပြုရန် စီစဉ်ထားလျက်ရှိကြောင်းနှင့် ကျန် ၁၆ စီးအား ယခုနှစ်အတွင်း လက်ခံရရှိသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment