Thursday, August 10, 2023

အက်စတိုးနီးယားအစိုးရသည် လက်နက်ငယ်များနှင့်ခဲယမ်းများအား ယူကရိန်း နိုင်ငံသို့ပို့ဆောင်ရန် သဘောတူခဲ့ခြင်း

     အက်စတိုးနီးယားအစိုးရသည် လက်နက်ငယ်များနှင့်ခဲယမ်းများအား ယူကရိန်း နိုင်ငံသို့ပို့ဆောင်ရန် သဘောတူခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဩဂုတ်လ ၁၁ ရက်တွင်ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူညီချက်သည် အက်စတိုးနီးယား ကာကွယ်ရေးကြီး ဟန်နိုပတ်ကာ (Hanno Pevkur) က ယူကရိန်းသို့ လက်နက်ငယ်များနှင့် ခဲယမ်းများထောက်ပံ့ပေးမည့် အဆိုပြုချက်ကို အစိုးရအဖွဲ့ကထောက်ခံခဲ့ပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ အက်စတိုးနီးယားနိုင်ငံသည် ယခုအချိန်ထိ ယူကရိန်းနိုင်ငံသို့ Javelin တင့်ဖျက်လက်နက်များ၊ ဟောင်ဝစ်ဇာများ၊ အမြောက်ကျည်များနှင့် တင့်ဖျက်မိုင်းများအပါအဝင် စစ်ရေးအကူအညီ အမေရိကန် ဒေါ်လာ သန်း ၄၄၀ ကျော် ထောက်ပံ့ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment