Monday, August 7, 2023

ပြင်သစ် Navy Group ကုမ္ပဏီထံမှ စစ်ရေယာဉ် ၄ စီး ဝယ်ယူရေး သဘောတူညီချက်ကို ဖျက်သိမ်းကြောင်း ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း


     ကာလရှည်ကြာနှောင့်နှေးခဲ့သော ပြင်သစ် Navy Group ကုမ္ပဏီထံမှ စစ်ရေယာဉ် ၄ စီး ဝယ်ယူရေး သဘောတူညီချက်ကို ဖျက်သိမ်းကြောင်း ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၈ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ Naval Group ကုမ္ပဏီသည် ရိုမေးနီးယား Santierul Naval Constanta ကုမ္ပဏီနှင့် ပူးပေါင်း၍ ရိုမေးနီးယားနိုင်ငံအတွက် Gowind ကော်ဗက်စစ်ရေယာဉ် ၄ စီးတည်ဆောက်ရန်နှင့် ရိုမေးနီးယားရေတပ်၌ လက်ရှိအသုံးပြုလျက်ရှိသည့် ဖရီးဂိတ်စစ်သင်္ဘောနှစ်စီးအား ပြန်လည်ပြုပြင်မွမ်းမံရန် အမေရိကန်ဒေါ်လာ ၁.၃၂ ဘီလီယံတန်ဖိုးရှိ သဘောတူ စာချုပ်အား ၂၀၁၉ ခုနှစ်တွင် ရရှိခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ကုန်ကျစရိတ်မြင့်တက် လာမှုနှင့်ပတ်သက်၍ နှစ်ဖက်အကြား နားလည်မှုမရရှိခဲ့သည့်အတွက် သဘောတူညီ ချက်အား ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment