ချက်သမ္မတ ပီတာပါဗယ်လ် (Petr Pavel) သည် ရုရှားနိုင်ငံကို တန်ပြန် တိုက်ခိုက်ရာတွင် ယူကရိန်းစစ်ဘက်၌ တာဝန်ထမ်းဆောင်ရန် ချက်သမ္မတနိုင်ငံသား ၁၄ ဦးကို ပါဝင်ခွင့်ပေးခဲ့ကြောင်း ချက်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ မားကက်တာ ရီဟာကိုဗာ (Marketa Rehakova) က ပြောကြားခဲ့သည်ဟု UATV သတင်းဌာနက ဩဂုတ်လ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်တွင်လည်း ချက်သမ္မတနိုင်ငံသားများကို ယူကရိန်းစစ်ဘက်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ပြု သည့် သဘောတူညီချက် ၁၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရီဟာကိုဗာက ပြောကြား ခဲ့ပါသည်။ လက်ရှိအချိန်တွင် သမ္မတ ပါဗယ်လ်၏ ခွင့်ပြုချက်အရ ချက်သမ္မတနိုင်ငံသား ၁၄၆ ဦးသည် ယူကရိန်းစစ်ဘက်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း UATV သတင်း ဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment