ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို(Peter Szijjarto)သည် ရုရှား ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက်ခ်(Alexander Novak)နှင့် စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များကို တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း TASS သတင်းဌာနက ဩဂုတ်လ ၈ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ရုရှား၏ မိတ်ဖက်နိုင်ငံများအနေဖြင့် ၎င်းတို့၏စာချုပ်ပါသဘောတူညီချက်များနှင့်ကိုက်ညီသည့် ဟန်ဂေရီနိုင်ငံသို့ ရေနံစိမ်း များရောင်းချပေးသွားမည်ဟု နိုဗက်ခ်က ကတိပြုပြောကြားခဲ့ကြောင်း ပီတာဆီဂျာတို ကပြောကြားခဲ့ပါသည်။ ဉရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုမှ ကင်းလွတ်သော Druzhba ပိုက်လိုင်း၏ တောင်ဘက်ပိုင်းလိုင်းမှတစ်ဆင့် ရုရှားရေနံစိမ်းများကို ဟန်ဂေရီနိုင်ငံသို့တင်ပို့လျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် ၎င်းပိုက်လိုင်းမှတစ်ဆင့် ရေနံတန်ချိန် ၄.၉ သန်းခန့်တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment