Wednesday, August 16, 2023

ရိုမေးနီးယားအစိုးရသည် F-35 တိုက်လေယာဉ် ၃၂ စင်း ဝယ်ယူရန်အတွက် လွှတ်တော်မှ အတည်ပြုချက်တောင်းခံခဲ့ခြင်း

     ရိုမေးနီးယားအစိုးရသည် F-35 တိုက်လေယာဉ် ၃၂ စင်း ဝယ်ယူရန်အတွက် လွှတ်တော်မှ အတည်ပြုချက်တောင်းခံခဲ့ကြောင်း ရိုမေးနီးယားကာကွယ်ရေးဝန်ကြီး အန်ဂယ်လ်တီလ်ဗာ (Angel Tilvar) က ပြောကြားခဲ့သည်ဟု The Defense Post သတင်းဌာနက ဩဂုတ်လ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရိုမေးနီးယားနိုင်ငံ၏ လေတပ်ကို ခေတ်မီဆန်းသစ်သော အဆင့်မြှင့်တင်မှုများလုပ်ဆောင်သည့်အနေဖြင့် အထက်ပါအတိုင်း ဝယ်ယူရန်စီစဉ်ခြင်းဖြစ်ကြောင်း တီလ်ဗာက ပြောကြားခဲ့ပါသည်။ ရိုမေးနီးယားသမ္မတဦးဆောင်သော အမျိုးသားကာကွယ်ရေးကောင်စီသည် F-35 တိုက် လေယာဉ်များ ဝယ်ယူမှုကို ပြီးခဲ့သည့်ဧပြီလတွင် အတည်ပြုခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြည်ပစစ်လက်နက် ပစ္စည်းရောင်းချမှုမူဘောင်အရ ခွင့်ပြုချက်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment