ပိုလန်သမ္မတ အန်ဒရေဒူဒါ (Andrzej Duda) နှင့် လတ်ဗီးယားသမ္မတ အက်ဂါစ် ရန့်ကဲဗစ် (Edgars Rinkevics) တို့သည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနှင့်စပ်လျဉ်း သည့် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန် ဩဂုတ်လ ၁၆ ရက်တွင် ပိုလန်နိုင်ငံ၊ ဝါဆောမြို့၌ တွေ့ဆုံခဲ့ကြကြောင်း Anadolu Agency သတင်းဌာနက ဩဂုတ်လ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း လတ်ဗီးယားနိုင်ငံ၏ စစ်ဘက်ဆိုင်ရာလိုအပ်ချက်များအား ထောက်ပံ့ကူညီပေးရန် လတ်ဗီးယားသမ္မတ၏ တောင်းဆို ချက်အပေါ် လိုအပ်သည့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား ထောက်ပံ့ကူညီပေး သွားမည်ဟု ပိုလန်သမ္မတ ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့နှစ်ဦးအနေဖြင့် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် တပ်ဖွဲ့ဝင်များပိုမိုဖြန့်ကျက် နိုင်ရေးကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment