Thursday, August 3, 2023

ပိုလန်နှင့် လစ်သူရေးနီးယားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်မည်ဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း

     ဘီလာရုဇ်နိုင်ငံမှ ပေါ်ပေါက်လာမည့်ခြိမ်းခြောက်မှုများနှင့် ရန်စမှုများကို ရင်ဆိုင် ရန်အတွက် ပိုလန်နှင့် လစ်သူရေးနီးယားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်မည်ဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) က ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဩဂုတ်လ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ လစ်သူရေးနီးယားသမ္မတ ဂီတာနတ်စ်နော့စီဒါ (Gitanas Nauseda) နှင့် ပိုလန်နိုင်ငံအရှေ့မြောက်ပိုင်း၌ ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ Wagner တပ်ဖွဲ့ဝင်များသည် ဇွန်လနှောင်းပိုင်းမှစ၍ ဘီလာရုဇ်နိုင်ငံသို့ရောက်ရှိခဲ့ပြီး ပိုလန်နှင့် လစ်သူရေးနီးယား နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဂရော့နို (Grodno) မြို့အနီးတွင် အများအပြား အခြေစိုက်လျက်ရှိပါသည်။ Wagner တပ်ဖွဲ့၏အကူအညီဖြင့် ဘီလာရုဇ်နှင့် ရုရှားတို့သည် နောက်ထပ်ရန်စမှုများ ပြုလုပ်လာနိုင်သည့်အတွက် တုံ့ပြန်နိုင်ရေးနည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment