Thursday, June 11, 2020

ချက်သမ္မတနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှု မြင့်တက်လာခဲ့ခြင်း


Xinhua; Jun-11 (Thu)
              ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကူးစက်မှု၏ အကျိုးသက်ရောက်မှုများကြောင့် ချက်သမ္မတနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှုမှာ ၂၀၂၀ ပြည့်နှစ်တွင် ချက်ကာရူနား ၅၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁. ဘီလီယံ) အထိ မြင့်တက်လာခဲ့ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇွန်လ ရက်တွင် အတည်ပြုပြောကြားခဲ့ပါသည်။ ချက်သမ္မတနိုင်ငံ သည် ၂၀၂၀ ပြည့်နှစ်အတွက် ဝင်ငွေခွန် ချက်ကာရူနား .၃၆ ထရီလီယံခန့်ရရှိရန်နှင့် ချက်ကာရူနား .၈၆ ထရီလီယံသုံးစွဲသွားရန် ခန့်မှန်းထားရှိမှုကို ပြင်ဆင်ခဲ့ရပါသည်။ ချက်သမ္မတနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုများ၊ အထူးသဖြင့် ဒေသများနှင့်မြို့များရှိ ရင်းနှီး မြှုပ်နှံမှုစီမံကိန်းများအတွက် အများဆုံးအသုံးပြုသွားရန်ရည်ရွယ်၍ ယခင်ခန့်မှန်းထားရှိ မှုကို ပြင်ဆင်ခဲ့ရခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး အယ်လီနာချီလာရိုဗာ (Alena Schillerova) က ပြောကြားခဲ့ပါသည်။
              ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါသည် နိုင်ငံ၏စီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက် များကို သိသိသာသာထိခိုက်စေခဲ့ပြီး ဝင်ငွေခွန်ရရှိမှုများမှာလည်း ကျဆင်းခဲ့ရပါသည်။ ကူးစက်ရောဂါတိုက်ဖျက်ရန်နှင့် စီးပွားရေးကဏ္ဍတွင် အထောက်အကူဖြစ်စေနိုင်ရန် အတွက် နိုင်ငံတော်ဘဏ္ဍာရေးအသုံးစရိတ်မှ တိုးမြှင့်သုံးစွဲသွားရန်လိုအပ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ချက်သမ္မတနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွက် နိုင်ငံတော်ဘဏ္ဍာရေးဆိုင်ရာအက်ဥပဒေကိုလည်း ကြိမ်တိုင်တိုင် ပြင်ဆင်မှုပြုလုပ်ခဲ့ ပါသည်။ ဘဏ္ဍာရေးလိုငွေပြမှုမှာ ယခင်က ချက်ကာရူနား ၄၀ ဘီလီယံရှိရာမှ ၃၀၀ ဘီလီယံအထိ မြင့်တက်လာခဲ့ရပါသည်။ သို့သော်လည်း ဝင်ငွေခွန်ကျဆင်းလာခြင်းနှင့် အစိုးရထောက်ပံ့မှုအစီအစဉ်များအပေါ် သက်ရောက်မှုများကြောင့် ထိုပြင်ဆင်ချက်များမှာ လုံလောက်ခြင်းမရှိခဲ့ဘဲ ထပ်မံပြင်ဆင်မှုများပြုလုပ်ရန်လိုအပ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာနက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment