Stiripesurse; Jul-6(Mon)
ရိုမေးနီးယားနိုင်ငံ၏
နို့နှင့်နို့ထွက်ပစ္စည်းများ၊ ကြက်ဉနှင့် ပျားရည်တို့၏ သွင်းကုန်တန်ဖိုးစုစုပေါင်းမှာ
၂၀၂၀ ပြည့်နှစ်၊ ပထမသုံးလပတ်ကာလအတွင်း ယူရို ၁၇၄.၉၈ သန်းအထိရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၏
ပထမသုံးလပတ်နှင့် နှိုင်းယှဉ်လျှင် ၂၅ ရာခိုင်နှုန်း၊
ယူရို ၁၄၀.၁ သန်းအထိတိုးတက်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။
ရိုမေးနီးယားနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၏ ပထမသုံးလပတ်ကာလတွင် တန်ချိန် ၁၁၉,၆၀၅ တန်တင်သွင်းခဲ့ပြီး ၂၀၁၉ ခုနှစ်ထက် တန်ချိန် ၁၆,၄၅၅ တန်ပို၍
တင်သွင်းခဲ့ပါသည်။ ထို့ပြင် နိုင်ငံ၏ နို့နှင့် နို့ထွက် ပစ္စည်းများ၊ ကြက်ဥနှင့်ပျားရည်တို့၏ ပို့ကုန်တန်ဖိုးမှာလည်း
၂၀၂၀ ပြည့်နှစ်၏ ဇန်နဝါရီလမှ မတ်လအထိ တန်ချိန် ၃၃,၁၇၅ တန် တင်ပို့ခဲ့ပြီး စုစုပေါင်းဝင်ငွေ
ယူရို ၅၅.၃၃ သန်း အထိရရှိခဲ့ကာ ၂၀၁၉ ၏ အလားတူကာလတွင်လည်း
ယူရို ၅၀.၈၂ သန်းတန်ဖိုးရှိ တန်ချိန် ၃၅,၂၆၃ တန်အား ပြည်ပသို့တင်ပို့ခဲ့ပါသည်။
ရိုမေးနီးယားနိုင်ငံ၏
ကုန်သွယ်ရေးလိုငွေပြမှုမှာ ၂၀၁၉ ခုနှစ်၏ ပထမ သုံးလပတ်ကာလတွင် ယူရို ၈၉.၂၈ သန်းရှိခဲ့ရာမှ
၂၀၂၀ ပြည့်နှစ်တွင် ၁၂၁.၆၅ သန်း အထိမြင့်တက်လာခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှမတ်လအတွင်း
အပြည်ပြည် ဆိုင်ရာ စားနပ်ရိက္ခာကုန်သွယ်ရေးလိုငွေပြမှုမှာ ၂၀၁၉ ခုနှစ်၏ ပထမသုံးလပတ်နှင့်
နှိုင်းယှဉ်လျှင် ၉ ရာခိုင်နှုန်း နီးပါးကျဆင်းခဲ့ပြီး ယူရို ၄၄၀.၉
သန်း အထိရှိခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၏ ပထမသုံးလပတ်ကာလတွင် ဥရောပသမဂ္ဂနှင့် ရိုမေးနီးယားနိုင်ငံ၏
စားနပ် ရိက္ခာကုန်သွယ်ရေးလိုငွေပြမှုမှာ ယူရို
၉၅၃.၂၈ သန်းအထိရှိခဲ့သော်လည်း နိုင်ငံ၏ ဉရောပသမဂ္ဂ စားနပ်ရိက္ခာကုန်သွယ်မှု အပိုတန်ဖိုးမှာ ယူရို ၅၁၂.၃၇ သန်းအထိ စံချိန်တင်ပိုလျှံခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment