မြောက်မက်ဆီဒိုးနီးယားနိုင်ငံ၏ Social Democratic Union of Macedonia (SDSM) ပါတီခေါင်းဆောင် ဇိုရန်ဇာ့ဗ် (Zoran Zaev) နှင့်
VMRO-DPMNE ပါတီခေါင်းဆောင် ဟရစ်တီဂျန်မစ်ကိုစကီ
(Hristijan Mickoski) တို့သည် ပထမအကြိမ်လွှတ်တော် ရွေးကောက်ပွဲများအား ဇူလိုင်လ ၁၅
ရက်တွင်ကျင်းပရန် သဘောတူညီချက်တစ်ရပ် ရရှိ ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုက
ဇွန်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ မြောက်မက်ဆီဒိုးနီးယားနိုင်ငံသည်
၎င်းရွေးကောက်ပွဲအား ဧပြီလ ၁၂ ရက်တွင် ကျင်းပရန်
ကနဦးစီစဉ်ထားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါကြောင့် ၎င်းအစီအစဉ်အား ရွှေ့ဆိုင်းခဲ့ပါသည်။
မြောက်မက်ဆီဒိုးနီးယား သမ္မတ စတီဗိုပန်ဒါရော့စကီ (Stevo Pendarovski) သည် အဆိုပါသဘောတူညီချက်
ရရှိခဲ့ခြင်းနှင့်ပတ်သက်၍ ကြိုဆိုကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment