Friday, June 12, 2020

တူရကီနိုင်ငံသို့ရောင်းချထားသည့် F-35s တိုက်ခိုက်ရေးလေယာဉ် ၆ စင်းအား အမေရိကန်တပ်ဖွဲ့များတွင်အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း


ahvalnews;Jun-12(Fri)
              တူရကီနိုင်ငံသို့ရောင်းချထားခဲ့သည့် F-35s တိုက်ခိုက်ရေးလေယာဉ် ၆ စင်းအား အမေရိကန်တပ်ဖွဲ့များတွင်အသုံးပြုသွားရန် အမေရိကန်အထက်လွှတ်တော်၏ စစ်လက်နက် ပစ္စည်းရေးရာကော်မတီမှ ဆုံးဖြတ်ခဲ့ကြောင်း Reuters သတင်းဌာနက ဇွန်လ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် F-35 တိုက်ခိုက်ရေးလေယာဉ် ၁၀၀ စင်း ဝယ်ယူ ရန်စီစဉ်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လတွင်  F-35 တိုက်ခိုက်ရေးလေယာဉ် ၂ စင်းအား တူရကီသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ သို့သော် အဆိုပါလေယာဉ် ၂ စင်းအား အမေရိကန်နိုင်ငံ၊ အရီဇိုးနား (Arizona) ပြည်နယ်၊ ဖီးနစ်က် (Phoenix) မြို့ရှိ လု့ခ် (Luke) လေတပ်အခြေစိုက်စခန်းတွင်ထားရှိသည့် တူရကီလေယာဉ်မှူးများအား F-35 တိုက်ခိုက်ရေးလေယာဉ်ဆိုင်ရာ လေ့ကျင့်သင်ကြားမှုများပြုလုပ်ပေးခဲ့ပါသည်။ တူရကီနိုင်ငံ သည် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးလက်နက်များအား ပြီးခဲ့သည့် နှစ်အတွင်း၌ လက်ခံရရှိခဲ့ပြီးနောက် အမေရိကန်အနေဖြင့် တူရကီနှင့် ပူးပေါင်း ဆောင်ရွက်မှုများအား ရပ်ဆိုင်းခဲ့ပြီး တူရကီလေယာဉ်မှူးများအား ပြန်လည်စေလွှတ် ခဲ့ပါသည်။
              အမေရိကန်အနေဖြင့် တူရကီနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ရပ်ဆိုင်း ကြောင်း မကြေညာမီ တူရကီမှဝယ်ယူခဲ့သော F-35 တိုက်လေယာဉ်များအား လွှဲပြောင်း ပေးရေးနှင့်ပတ်သက်၍  အမေရိကန်နိုင်ငံ၏ ငြင်းဆန်မှုသည် စာချုပ်ပါစည်းကမ်းချက် များကိုချိုးဖောက်ရာရောက်သည်ဟု တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Endrogan)က ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ ၂၀၂၁ ခုနှစ်၊ အမျိုးသား ကာကွယ်ရေးခွင့်ပြုမိန့်အက်ဉပဒေ (National Defense Authorization Act) အရ F-35 တိုက်ခိုက်ရေးလေယာဉ် ၉၅ စင်းထုတ်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၉.၁ ဘီလီယံ အား စစ်လက်နက်ပစ္စည်းရေးရာကော်မတီက ဇွန်လ ၁၁ ရက်တွင် ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment