ဆားဘီးယားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်
(COVID_19) ကူးစက်ရောဂါဖြစ်ပွားမှု ကာလအတွင်း ပါလီမန်အသစ်တစ်ရပ်ဖွဲ့စည်းရန်အတွက် ဇွန်လ ၂၁
ရက်တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး
မဲဆန္ဒရှင်ပြည်သူ ၅.၅ သန်းသည် Mask နှင့် လက်သန့်ဆေးရည်များ ထားရှိပေးထားသည့် မဲရုံများသို့သွားရောက်ဆန္ဒမဲပေးခဲ့ကြောင်း
Trend သတင်းဌာနက ထုတ်ပြန်ခဲ့ပါသည်။ ဆားဘီးယားသမ္မတ
အလက်ဇန္ဒြားဗူဆစ် (Aleksandar Vucic) သည်
သတင်းမီဒီယာများအပေါ် တင်းကျပ်စွာချုပ်ကိုင်ထားခြင်းကြောင့်
၎င်းရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့်တရားမျှတမှုရှိမည်မဟုတ်ကြောင်း
အတိုက်အခံပါတီမှ ကိုယ်စားလှယ် အချို့ကပြောကြားခဲ့ပြီး ရွေးကောက်ပွဲအား သပိတ်မှောက်မှုများပြုလုပ်ခဲ့ပါသည်။
နိုင်ငံ အတွင်း နောက်ဆုံးကောက်ယူရရှိသည့်စစ်တမ်းများတွင် သမ္မတ၏ ဆားဘီးယား ပြည်သူ့ပါတီ
(Serbian People’s Party-SNS) သည် ဆန္ဒမဲ ၅၀ ရာခိုင်နှုန်းနီးပါးရရှိခဲ့ ကြောင်း သိရှိရပါသည်။
No comments:
Post a Comment