တူရကီနိုင်ငံနှင့်
ကုလသမဂ္ဂအသိအမှတ်ပြု Government of National Accord (GNA) လစ်ဗျားအစိုးရတို့သည် လစ်ဗျားနိုင်ငံ၌ အမြဲတမ်းစစ်အခြေစိုက်စခန်း
၂ ခု တည်ဆောက်သွားရေးကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း
Bulgarian Military သတင်းဌာနက ဇွန်လ ၁၆ ရက်တွင်
ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံသည် လစ်ဗျားနိုင်ငံ မစ္စရာတာ (Misrata) မြို့၌ ရေတပ်အခြေစိုက်စခန်းနှင့်
အယ်လ်ဝါတီယာ (Al-Watiya) မြို့၌ လေတပ်အခြေစိုက်စခန်းတို့အား
တည်ဆောက်သွားနိုင်ဖွယ်ရှိသော်လည်း အတည်ပြုဆုံးဖြတ်ချက် ရရှိခြင်းမရှိသေးကြောင်း အထက်ပါသတင်းဌာန၏
ထုတ်ပြန်ချက် တွင် ဖော်ပြထားပါသည်။ တူရကီနိုင်ငံသည်
လစ်ဗျားနိုင်ငံအတွင်း ကာလရှည်စစ်ရေးအရ ပါဝင်နိုင်ရေးအတွက် အဓိကရည်မှန်းချက်ထားကြိုးပမ်းလျက်ရှိကြောင်း
တူရကီသံတမန် အရင်းအမြစ်သတင်းများအရ သိရှိရပါသည်။
No comments:
Post a Comment