တူရကီသမ္မတ
ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်
(Donald Trump) တို့သည် လစ်ဗျားအရေးနှင့် ပတ်သက်၍
ဇွန်လ ၈ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့်
ဆွေးနွေးမှုများပြုလုပ်ခဲ့ကြ ကြောင်း တူရကီနိုင်ငံ၊
ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးက ဇွန်လ ၉ ရက်တွင် ထုတ်ပြန် ခဲ့ပါသည်။ ၎င်းတို့အနေဖြင့် အဆိုပါဆွေးနွေးမှုအတွင်း
လစ်ဗျားအရေးအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍
အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ၎င်းအပြင် လစ်ဗျားနိုင်ငံတည်ငြိမ်ရေးနှင့်
ငြိမ်းချမ်းရေး ရရှိရန်အတွက် နှစ်နိုင်ငံအနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ
လုပ်ဆောင်ရန်လည်း သဘော တူညီခဲ့ကြကြောင်း သိရှိရပါသည်။
Monday, June 8, 2020
News Bar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment