Tuesday, June 23, 2020
News Bar
တူရကီနိုင်ငံသည်
ပြင်သစ်အစိုးရအတွက် သူလျှိုလုပ်ကိုင်ဆောင်ရွက်နေသူ ၄ ဦး အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း
ဇွန်လ ၂၂ ရက်တွင် Trend သတင်းဌာနမှ တစ်ဆင့် ထုတ်ပြန်ပြောကြားခဲ့ပါသည်။
အဆိုပါသံသယရှိသူ ၄ ဦးသည် တူရကီအစိုးရရုံးဌာနများ၊ ကွန်ဆာဗေးတစ်ဖောင်ဒေးရှင်းတို့အပါအဝင် တူရကီနိုင်ငံ၏ ဘာသာရေးအဖွဲ့အစည်း
များ၏ လုပ်ဆောင်ချက်များကို သတင်းရယူစုဆောင်းနေခဲ့ခြင်းဖြစ်ပါသည်။
ထို့ပြင် ၎င်းတို့သည် တူရကီအမျိုးသားထောက်လှမ်းရေးအဖွဲ့အစည်း
(National Intelligence Organization- MIT)
မှ အေးဂျင့်များ၏ စိစစ်ရေးကတ်အတုများကိုအသုံးပြု၍ IS စစ်သွေးကြွ အဖွဲ့အပါအဝင် အခြားအကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်နွှယ်သော
သတင်းများကို ရယူစုဆောင်းနေကြသူများလည်းဖြစ်ကြောင်း သိရှိရပါသည်။
Labels:
တူရကီ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment