Monday, August 7, 2023

ဂရိကာကွယ်ရေးဝန်ကြီးသည် အစ္စရေး ကာကွယ်ရေးဝန်ကြီး နှင့်တွေ့ဆုံခဲ့ခြင်း

     ဂရိကာကွယ်ရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias)နှင့် အစ္စရေး ကာကွယ်ရေးဝန်ကြီး ရို့ဗ်ဂဲလ်လန့်ထ် (Yoav Gallant)တို့သည် အစ္စရေးနိုင်ငံတွင် တွေ့ဆုံခဲ့ကြောင်း Greekherald သတင်းဌာနက ဩဂုတ်လ ၈ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ၎င်းတို့သည် ကာကွယ်ရေးဆိုင်ရာစက်မှု လုပ်ငန်းကဏ္ဍ၊ သုတေသန နှင့် အခြားသောဆန်းသစ်တီထွင်မှုဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ကာကွယ်ရေး ဆိုင်ရာသုတေသနနှင့် နည်းပညာကဏ္ဍတွင် နှစ်နိုင်ငံ အကြား အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားရန် သဘောတူညီခဲ့ကြပါသည်။ ထို့ပြင် ဒေသတွင်း ပူးပေါင်းဆောင်ရွက် ရေး ကိစ္စရပ်များ၊ အရှေ့မြေထဲပင်လယ်ဒေသငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment