တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဩဂုတ်လ ၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် တူကီယဲစစ်ဘက်ကောင်စီအစည်းအဝေး၌ စစ်ဦးစီးချုပ်၊ ကြည်းတပ်ဦးစီးချုပ်နှင့် လေတပ်ဦးစီးချုပ်တို့အား ရာထူးပြောင်းလဲခန့်အပ် ခဲ့ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ တူကီယဲသမ္မတသည် မီတင်ဂူရက်ခ် (Metin Gurak) အား စစ်ဦးစီးချုပ်အဖြစ်လည်းကောင်း၊ ဆီလက် ဘာရက်တာရိုဂလူ (Selcuk Bayraktaroglu) အား ကြည်းတပ်ဦးစီးချုပ်အဖြစ်လည်းကောင်း၊ ဇီရာစီမယ်ကာဒီအိုဂလူ (Ziya Cemal Kadioglu) အား လေတပ်ဦးစီးချုပ်အဖြစ်လည်းကောင်း ပြောင်းလဲခန့်အပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ကြေညာခဲ့ပါသည်။ တူကီယဲသမ္မတသည် နိုင်ငံ၏ ထိပ်တန်းစစ်ဘက်ဆိုင်ရာအကြီးအကဲများကို ခန့်အပ်ရန်အတွက် နှစ်စဉ် ဩဂုတ်လရောက်တိုင်း ကျင်းပပြုလုပ်သည့် စစ်ဘက်ကောင်စီအစည်းအဝေးတွင် သဘာပတိ အဖြစ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။
No comments:
Post a Comment