Wednesday, August 16, 2023
တူကီယဲနိုင်ငံအနေဖြင့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အခိုင်အမာဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း
တူကီယဲနိုင်ငံအနေဖြင့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အခိုင်အမာဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ် ကြောင်း တူကီယဲနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဆီဒက်အိုနယ် (Sedat Onal) က ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဩဂုတ်လ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ အားမေးနီးယားနိုင်ငံ၏ တောင်းဆိုချက်အရ နာဂေါ်နို-ကာရာဘတ်ဒေသ၌ ဖြစ်ပွားလျက်ရှိသည့် အခြေအနေ များကို ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး ပြုလုပ်စဉ်အတွင်း ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် တူကီယဲနိုင်ငံသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းနှင့် အဇာဘိုင်ဂျန် နှင့် အာမေးနီးယားတို့အကြား ငြိမ်းချမ်းရေးရရှိရန် တက်ကြွစွာပါဝင်ဆောင်ရွက်လျက် ရှိကြောင်း ဆီဒက်အိုနယ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Labels:
တူကီယဲ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment