နေထိုင်မှုစရိတ်မြင့်မားလာမှု အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်းနှင့် တူကီယဲပြည်သူများ၏ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချနိုင်ရေးအတွက် အဖြေရှာဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ကတိပြုပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက သြဂုတ်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ Justice and Development ပါတီ တည်ထောင်ခြင်း (၂၂)ကြိမ်မြောက် နှစ်ပတ်လည်နေ့၌ ပေးပို့ခဲ့သည့် ဗီဒီယိုအတွင်းတွင် သမ္မတ အာဒိုဂန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကြောင့် တူကီယဲ၏ နေထိုင်မှုစရိတ်မြင့်မားလာမှု အကျပ်အတည်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကာ ဖြေရှင်းနိုင်ခဲ့ပြီးဖြစ်သည့် အခြားအခက်အခဲများနည်းတူ ယခုအခက်အခဲကိုလည်း ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment