Xinhua; Sep-20(Wed)
အီရန်နှင့် တူကီယဲတို့သည် အကျဉ်းသား ၃ ဦးစီကို အပြန်အလှန်လဲလှယ်ခဲ့ ကြောင်း အီရန်လူ့အခွင့်အရေးနှင့် နိုင်ငံတကာရေးရာ တရားရေးလက်ထောက်ဝန်ကြီး အက်စ်ကာဂျာလာလီယန် (Askar Jalalian) က ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက စက်တင်ဘာလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါလဲလှယ်မှုသည် မကြာသေးမီက တူကီယဲနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) သို့ သွားရောက်ခဲ့သည့် အီရန်တရားရေး ဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်းမှရရှိခဲ့သည့် အကျိုးရလဒ်တစ်ခု ဖြစ်ပါသည်။ ၎င်းကိုယ်စားလှယ်အဖွဲ့သည် တရားခံလွှဲပြောင်းရေးဆိုင်ရာပူးတွဲကော်မတီ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပြီး တူကီယဲတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဂျာလာလီယန်က ပြောကြားခဲ့ပါသည်။
အီရန်နိုင်ငံသည် အခြားနိုင်ငံများနှင့် နှစ်နိုင်ငံလူသားချင်းစာနာထောက်ထားမှုနှင့် ပြစ်ဒဏ်ကျခံနေရသူများလွှဲပြောင်းရေးဆိုင်ရာ သဘောတူညီချက်များအရ သတ်မှတ်ချက် များနှင့်ကိုက်ညီပြီး ၎င်းတို့၏မိခင်နိုင်ငံသို့ ပြန်လိုသောဆန္ဒရှိသည့် နိုင်ငံခြားသား အကျဉ်းသားများကို နေရပ်ပြန်ပို့ရန်နှင့် တစ်ဖက်နိုင်ငံမှ ပြန်လည်လက်ခံရန် ကြိုးပမ်း လျက်ရှိကြောင်းကိုလည်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ပြည်ပနိုင်ငံများ၌ အကျဉ်းချခံထားရသော အီရန်နိုင်ငံသားစုစုပေါင်း ၄,၀၀၀ ဦးခန့်ရှိသည့်အနက် ၂,၈၀၀ သည် တူကီယဲနိုင်ငံတွင် အကျဉ်းကျခံနေရခြင်းဖြစ် ကြောင်း Fars News Agency ၏ ဖော်ပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment