Sunday, September 17, 2023

တူကီယဲနှင့် အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ခြင်း

တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန် (Hakan Fidan) သည် အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး မီချယ်မာတင် (Micheal Martin) နှင့် စက်တင်ဘာလ ၁၇ ရက်တွင် နယူးယောက်မြို့၌ တွေ့ဆုံခဲ့ကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့သည် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေးတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ၎င်းတို့သည် တွေ့ဆုံစဉ် အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် အပြန်အလှန်အဆင့်မြင့်ခရီးစဉ်များ၊ ပင်လယ်နက် ကောက်ပဲသီးနှံတင်ပို့မှုဆိုင်ရာကိစ္စရပ်၊ ဆိုက်ပရပ်စ်နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ပြဿနာနှင့်ပတ်သက်သည့် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် တူကီယဲ- EU ဆက်ဆံရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment