Friday, September 1, 2023

ရုရှားသမ္မတနှင့် တူကီယဲသမ္မတတို့ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်သွားမည်ဆိုခြင်း

Aninews; Sep-2(Sat)

ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် စက်တင်ဘာလ ၄ ရက်တွင် ရုရှားနိုင်ငံ၊ ဆိုချီ (Sochi) မြို့၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဒမီထရီပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့သည်ဟု Aninews သတင်းဌာနက စက်တင်ဘာလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ စားနပ် ရိက္ခာအကျပ်အတည်းကို ဖြေလျှော့ပေးနိုင်မည့် ပင်လယ်နက်ကောက်ပဲသီးနှံတင်ပို့မှု သဘောတူညီချက် (Black Sea Grain Initiative) ကို ပြန်လည်အသက်သွင်းရန် တူကီယဲနှင့် ကုလသမဂ္ဂ (UN) တို့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိစဉ် အထက်ပါတွေ့ဆုံမှု ပြုလုပ်ရန် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

ရုရှားနိုင်ငံအနေဖြင့် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှဒေသများသို့ စပါးနှင့် အခြားစိုက်ပျိုးရေးသုံး ထောက်ပံ့ရေးပစ္စည်းများ ပေးပို့လျက်ရှိသည့် အဆိုပါ သဘောတူညီချက်မှ ပြီးခဲ့သည့် ဇူလိုင်လတွင် နုတ်ထွက်ခဲ့ပါသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံ တို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မရှိမဖြစ်လိုအပ်သော ဂျုံ၊ မုယောစပါး၊ နေကြာဆီနှင့် အခြားသောစိုက်ပျိုးရေးထွက်ကုန်များကို ပံ့ပိုးပေးနေသည့်နိုင်ငံများလည်း ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် တူကီယဲနှင့် ကုလသမဂ္ဂ (UN) တို့က ကြားဝင်စေ့စပ်ပေးခဲ့ခြင်း ကြောင့် အဆိုပါသဘောတူညီချက်သည် အသက်ဝင်ခဲ့ပြီး စပါးတန်ချိန် ၃၃,၀၀၀ ခန့်ကို ယူကရိန်းမှ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment