Arabnews; May-14(Thu)
တူရကီနှင့် အစ္စရေးနိုင်ငံတို့မှ အရာရှိများသည်
မြေထဲပင်လယ်အရှေ့ပိုင်း၌ သီးသန့်စီးပွားရေးဇုန်အပါအဝင် ပင်လယ်ရေပြင်ပိုင်နက်သတ်မှတ်ရေးနှင့်ပတ်သက်၍
သဘောတူညီချက်တစ်ရပ်ရရှိရေးအတွက် လျှို့ဝှက်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စဉ်းစားသုံးသပ်လျက်ရှိသည်ဟု
အာရပ်သတင်းဌာနက မေလ ၁၄ ရက်တွင် ဖော်ပြခဲ့ ပါသည်။ သို့သော် တူရကီနိုင်ငံရှိ ပထဝီနိုင်ငံရေးလေ့လာဆန်းစစ်သူ
ဧဒင်ဆီဇာ (Aydin Sezer) က ပင်လယ်ပြင်နယ်နိမိတ်သတ်မှတ်ရေးနှင့်စပ်လျဉ်း၍ တူရကီနှင့်
အစ္စရေးတို့ အကြား အသစ်ပြုလုပ်မည့်သဘောတူညီချက်သည် နိုင်ငံရေးအရသာမက တရားဝင် ဖြစ်ရန်လည်း အခက်အခဲများဖြစ်ပေါ်နိုင်ဖွယ်ရှိသည်ဟု
သုံးသပ်ပြောဆိုခဲ့ပါသည်။ ထို့ပြင် အစ္စရေးနှင့် ဆိုက်ပရပ်စ်နိုင်ငံအကြားတွင်လည်း ပင်လယ်ရေကြောင်းဆိုင်ရာ
ကိစ္စရပ် များနှင့်ပတ်သက်၍ သဘောတူညီချက်များပြုလုပ်ပြီးဖြစ်ရာ ၎င်းသဘောတူညီချက်အပေါ်
အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန်
(Recep Tayyip Erdogan) နှင့် ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားအစိုးရတို့သည် ၂၀၁၉ ခုနှစ်၊
နိုဝင်ဘာလအတွင်း ကလည်း အလားတူသဘောတူညီချက်တစ်ရပ်အား လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီ၌
ချုပ်ဆိုခဲ့ရာ ၎င်းသဘောတူညီချက်အရ တူရကီသည် ဆိုက်ပရပ်စ်နိုင်ငံ၏ ပိုင်နက် နယ်မြေအတွင်း၌ပါ
သဘာဝဓာတ်ငွေ့တူးဖော်မှုများ ပြုလုပ်လာခဲ့ပါသည်။ ထို့ကြောင့် ဂရိနှင့် ဆိုက်ပရပ်စ်တို့အပါအဝင်
အစ္စရေးနိုင်ငံကလည်း ၎င်းသဘောတူညီချက်အပေါ် ကန့်ကွက်မှုများပြုလုပ်ခဲ့ပါသည်။ ထို့ပြင်
လွန်ခဲ့သောသီတင်းပတ်အတွင်းကလည်း တူရကီ၏ တရားမဝင်
သဘာဝဓာတ်ငွေ့တူးဖော်မှုများနှင့်ပတ်သက်၍ ဆိုက်ပရပ်စ်၊ အီဂျစ်၊ ပြင်သစ်၊ ဂရိနှင့် ယူအေအီးနိုင်ငံတို့က
တူရကီအပေါ် ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
No comments:
Post a Comment