Sunday, May 3, 2020
News Bar
မော်တော်ယာဉ်ပေါင်း ၃၀ စီးပါဝင်သည့် တူရကီစစ်ဘက်ယာဉ်တန်းတစ်ခု သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၊ အိုင်ဒဲလစ်စီရင်စုသို့ မေလ ၃ ရက်တွင် ဝင်ရောက် ခဲ့ကြောင်း စစ်ရေးစောင့်ကြည့်သူတစ်ဦးက ပြောကြားခဲ့ပါသည်။ ၎င်းစစ်ယာဉ်တန်းတွင် ထောက်ပံ့ပို့ဆောင်ရေးပစ္စည်းများနှင့် စစ်လက်နက်ပစ္စည်းများပါဝင်ကြောင်း လူ့အခွင့် အရေးဆိုင်ရာ ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့ပါသည်။ ရုရှားနှင့် တူရကီနိုင်ငံတို့မှ ကမကထပြုမှုဖြင့် ဆီးရီးယားစစ်ဘက်နှင့် သူပုန်အဖွဲ့တို့သည် အိုင်ဒဲလစ်စီရင်စုတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို ချုပ်ဆိုခဲ့ ပြီးနောက် မတ်လ ၅ ရက်မှစ၍ တူရကီစစ်ဘက်ယာဉ် ၂,၉၈၀ စီးမှာ အိုင်ဒဲလစ် စီရင်စုသို့ ဝင်ရောက်ခဲ့ကြောင်း UK အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့ ပါသည်။ ဆီးရီးယားအစိုးရသည် ခွင့်ပြုချက်မဲ့ဝင်ရောက်လာသည့် ပြည်ပတပ်ဖွဲ့များ အား နိုင်ငံတွင်းမှထွက်ခွာသွားရန် အကြိမ်ကြိမ်တောင်းဆိုထားလျက်ရှိကြောင်း သိရှိ ရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment