TASS; May-3(Sun)
၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်တွင် ချုပ်ဆိုခဲ့သော ရုရှား- တူရကီ
နားလည်မှုစာချွန်လွှာအရ ရုရှားနှင့် တူရကီစစ်ဘက်တပ်ဖွဲ့ဝင်များသည် ဆီးရီးယား နိုင်ငံရှိ အယ်လ်ဟာဆာကတ်(al-Hasakah) ဒေသတွင်းပူးတွဲကင်းလှည့်မှုကို ဆောင်ရွက် ခဲ့ကြကြောင်း
ဆီးရီးယားပြန်လည်ရင်ကြားစေ့ရေးဆိုင်ရာ ရုရှားစင်တာ၏ အကြီးအကဲ အိုလက်ဇူရက်လက်ဗ် (Oleg Zhuravlev) က မေလ ၃ ရက်တွင်
ပြောကြားခဲ့ပါသည်။ ၎င်းတို့သည် အယ်လ်ဟာဆာကတ်ပြည်နယ်ရှိ ဒယ်လာဝီ-ကာရာ (Delawi-Kara)၊ ဂျီလီကာ-အယ်လ်ဖာဒက်
(Jilliqa-al-Firdaus)နှင့် အက်ကာ-ရှမ်ဆီရာ့
(Akka-Shamsiyah) စသည့် လမ်းကြောင်းတစ်လျှောက်တွင်
ပူးတွဲကင်းလှည့်ခြင်းအား ပြုလုပ် ခဲ့ကြပါသည်။
ရုရှားစစ်ဘက်တပ်ဖွဲ့ဝင်များသည် အလက်ပို (Aleppo) ဒေသတွင် ကင်းလှည့် သည့် လမ်းကြောင်း ၃ ခုနှင့် အယ်လ်ဟာဆာကတ်ဒေသတွင်
လမ်းကြောင်း ၁ ခုတို့ဖြင့် ကင်းလှည့်ခြင်းများ ပြုလုပ်ခဲ့ကြပြီး ရုရှားလေတပ်၏ အထူးတပ်ဖွဲ့များသည်
ကွာမစ်ရှီလီ (Qamishli) လေယာဉ်ကွင်းမှတစ်ဆင့် ဝေဟင်ကင်းလှည့်ခြင်းများအား လုပ်ဆောင်ခဲ့ကြ ပါသည်။ ရုရှားပြန်လည်ရင်ကြားစေ့ရေးဆိုင်ရာစင်တာက ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်၌ ရရှိခဲ့သည့် ရုရှား-တူရကီတို့၏
ဆီးရီးယားရှိ အိုင်ဒဲလစ် (Idlib) စီရင်စုအတွင်း အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်အရ အဆိုပါနယ်မြေအတွင်း တူရကီထိန်းချုပ်ထားသော
လက်နက်ကိုင်အုပ်စုများ၏ ပစ်ခတ်တိုက်ခိုက်မှုများမရှိကြောင်း ပြောကြားခဲ့ပါသည်။ သို့သော်
ဇူရက်လက်ဗ်က အဆိုပါနယ်မြေအတွင်း
တရားမဝင်လက်နက်ကိုင်အဖွဲ့ များ၏ ပစ်ခတ်တိုက်ခိုက်မှုများရှိနေပြီး တစ်နေ့တာအတွင်း ပစ်ခတ်မှုပေါင်း
၂၄ ခု ကျော် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ရုရှားစစ်ဘက်သည်
ရွှေ့ပြောင်းဒုက္ခသည်များအား နေရပ်သို့ပြန်လာရန် ကူညီဆောင်ရွက်ပေးခြင်းနှင့်
အပစ် အခတ်ရပ်စဲရေးဇုန်အတွင်းရှိ ပြည်သူများအတွက်
ကယ်ဆယ်ရေးလုပ်ငန်းများအား အဓိကထား လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment