Tvn24; May-7
(Thu)
ပိုလန်နိုင်ငံတွင် လာမည့် မေလ ၁၀ ရက်၌ ကျင်းပပြုလုပ်မည့် သမ္မတ ရေွးကောက်ပွဲအား ရွှေ့ဆိုင်းသွားရန် အာဏာရ “ဥပဒေနှင့်တရားမျှတရေး”ပါတီ (Law and Justice-PiS) နှင့် ၎င်း၏မိတ်ဖက်ပါတီတို့အကြား သဘောတူညီမှုရရှိခဲ့သည်ဟု ပါတီနှစ်ရပ်လုံးက မေလ ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ပိုလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါပျံ့နှံ့မှုများ ဖြစ်ပေါ်လျက်ရှိသော်လည်း အာဏာရ PiS ပါတီအနေဖြင့် သမ္မတရွေးကောက်ပွဲအား သတ်မှတ်ရက်အတိုင်း လုပ်ဆောင်သွားရန်တောင်းဆိုခဲ့မှုကြောင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အတိုက်အခံများကမူ အဆိုပါတောင်းဆိုချက်သည် အာဏာရပါတီ အနေဖြင့် ပြည်သူ့ကျန်းမာရေးထက် နိုင်ငံရေးအသာစီးရယူရန် လုပ်ဆောင်ခြင်းဖြစ် သည်ဟု စွပ်စွဲပြောဆိုခဲ့ကြပါသည်။ ထို့ပြင် မိတ်ဖက်ပါတီများကလည်း ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုများသည် ညွန့်ပေါင်းအစိုးရအဖွဲ့အပေါ် ထိခိုက်မှုများဖြစ်ပေါ်လာ နိုင်ပြီး အာဏာရ PiS ပါတီ၏ စာတိုက်မှတစ်ဆင့်
မဲပေးရွေးချယ်မှုအစီအစဉ်သည်လည်း လွှတ်တော်အတွင်း ကန့်ကွက်မှုများဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်ဟု ပြောကြားထားပါသည်။
သို့သော် ယခုထွက်ပေါ်လာသောကြေညာချက်သည် ညွန့်ပေါင်းအစိုးရအဖွဲ့ အတွင်းရှိ ပါတီများအကြား သဘောထားကွဲလွဲမှုအား ပြေလျော့စေခဲ့ပါသည်။ ၎င်း ကြေညာချက်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လာမည့် မေလ ၁၀ ရက်တွင်ကျင်းပမည့် အစီအစဉ်ကိုသာ ရွှေ့ဆိုင်းမည်ဟုဖော်ပြထားခြင်းဖြစ်ပြီး ပြန်လည်ကျင်းပမည့်ရက်ကိုမူ ဖော်ပြထားခြင်းမရှိဘဲ လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် အမှန်တကယ်ကျင်းပမည့်ရက်အား သတ်မှတ်ရက်မတိုင်မီထက် ဆောလျင်စွာအသိပေးသွားမည်ဟု ဖော်ပြထားပါသည်။ ရွေးကောက်ပွဲအား လက်ရှိအချိန်တွင်ကျင်းပမည်ဆိုပါက သမ္မတ အန်ဒရေဇ်ဒူဒါ
(Andrzej
Duda) မှာ အနိုင်ရဖွယ်ရှိကြောင်း လူထုစစ်တမ်းတစ်ရပ်တွင် ဖော်ပြထားခြင်းကြောင့် PiS ပါတီသည် သမ္မတရွေးကောက်ပွဲကို ဆောလျင်စွာကျင်းပနိုင်ရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment