Sunday, May 24, 2020

News Bar

              ဥရောပနိုင်ငံသားများ၏ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် ပြန်လည်ရရှိရေးနှင့် နယ်စပ်ဒေသများ ပြန်လည်ဖွင့်လှစ်ပေးရေးဆိုင်ရာ သတ်မှတ်ချက်များအား ဥရောပ နိုင်ငံ ၁၁ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက မေလ ၁၈ ရက်တွင် သဘောတူညီခဲ့ ကြောင်း ပေါ်တူဂီနိုင်ငံ၏ သံတမန်ဆိုင်ရာ ပူးတွဲကြေညာချက်၌ ဖော်ပြခဲ့ပါသည်။ ဂျာမနီ၊ ဩစတြီးယား၊ ဘူးဂေးရီးယား၊ ဆိုက်ပရပ်စ်၊ ခရိုအေးရှား၊ စပိန်၊ ဂရိ၊ အီတလီ၊ မောလ်တာ၊ ပေါ်တူဂီနှင့် စလိုဗေးနီးယားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် ဗီဒီယိုကွန်ဖရင့် မှတစ်ဆင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး အထက်ပါအတိုင်း သဘောတူညီခဲ့ခြင်းဖြစ်ပါ သည်။ အဆိုပါအစည်းအဝေးတွင် နယ်စပ်ဒေသထိန်းချုပ်ရေး အစီအမံများအပေါ်သုံးသပ် ခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်စတင်ခြင်း ကိစ္စရပ်များအပြင် ခရီးသွားဝန်ဆောင်မှုနှင့် ကျန်းမာရေးလုပ်ငန်းများ တိုးတက်ကောင်းမွန် နိုင်ရေးများနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။



No comments:

Post a Comment