Saturday, May 30, 2020

News Bar

              လစ်ဗျားနိုင်ငံနှင့် ဂရိနိုင်ငံ၊ ခရီတီ (Crete) ကျွန်းတို့အကြားရှိ နိုင်ငံတကာ ရေပိုင်နက်တွင် တူရကီရေတပ်မှ ဖရီးဂိတ်စစ်သင်္ဘော ၆ စီးနှင့် ရေနံတင်သင်္ဘော ၁ စီး တို့အား တွေ့ရှိခဲ့ကြောင်း ဂရိနိုင်ငံပိုင် ကာသီမာရီနီ (Kathimerini) သတင်းစာက မေလ ၃၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ တူရကီစစ်သင်္ဘောများသည် လက်ရှိအချိန်တွင် လစ်ဗျားကမ်းရိုးတန်း၌ ပြုလုပ်လျက်ရှိသော ဥရောပသမဂ္ဂ၏ Operation Irini တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် စစ်သင်္ဘောများ၏အရေအတွက်ထက် ပိုမိုကြောင်း အဆိုပါ သတင်းစာက ဖော်ပြထားပါသည်။ တူရကီနိုင်ငံသည် ထရီပိုလီမြို့အခြေစိုက် လစ်ဗျား အမျိုးသားအစိုးရသဘောတူညီချက်အဖွဲ့(Government of National Accord-GNA) အား စစ်ဘက်ဆိုင်ရာအကူအညီများ ပေးအပ်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment