AssociatedPress; May-12 (Tue)
တူရကီနိုင်ငံ၏ ဆိုက်ပရပ်စ်ကမ်းလွန်ပင်လယ်ပြင်ရှိ
အထူးစီးပွားရေးဇုန်တွင် ဟိုက်ဒရိုကာဘွန်သိုက်များအား တူးဖော်လျက်ရှိခြင်းနှင့် လစ်ဗျားနိုင်ငံအတွင်း
လုပ်ဆောင် လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ဂရိ၊ ဆိုက်ပရပ်စ်၊ အီဂျစ်၊ ပြင်သစ်နှင့်
အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများက မေလ ၁၁ ရက်
တွင် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲအပြီးတွင် အဆိုပါ ၅ နိုင်ငံမှ နိုင်ငံခြားရေး
ဝန်ကြီးများက မြေထဲပင်လယ်အရှေ့ဘက်ပိုင်းနှင့် လစ်ဗျားအရေးကိစ္စတို့အပေါ် ချမှတ် ထားသည့်
တူရကီနိုင်ငံ၏မူဝါဒများကိုရှုတ်ချကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ ပါသည်။ အထက်ပါထုတ်ပြန်ချက်ထွက်ပေါ်ခဲ့ပြီးနောက်
တူရကီနိုင်ငံက ယင်း ၅ နိုင်ငံ အနေဖြင့် ဆိုးညစ်သောမဟာမိတ်ဖွဲ့ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း
စွပ်စွဲခဲ့ပါသည်။ ၎င်းနိုင်ငံများသည် အရှေ့ပိုင်းမြေထဲပင်လယ်ဒေသအတွင်း တည်ငြိမ်မှုပျက်ပြားစေရန်
လုပ်ဆောင်လျက်ရှိပြီး လစ်ဗျားလူမျိုးများ၏ ဒီမိုကရေစီမျှော်လင့်ချက်အား မှေးမှိန်စေရန်
လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ
ဟာမီအက်ခ်ဆွိုင်း (Hami Aksoy) က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့ပါသည်။
တူရကီအနေဖြင့် အငြင်းပွားလျက်ရှိသော
ရေကြောင်းနယ်နိမိတ် သတ်မှတ်ရေး သဘောတူစာချုပ်အပါအဝင် ကုလသမဂ္ဂကျောထောက်နောက်ခံပြု လစ်ဗျားအစိုးရနှင့်
စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအား ၂၀၁၉ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ပါသည်။
၎င်းသဘောတူညီချက်သည် အရှေ့မြေထဲပင်လယ်တွင် တူရကီအတွက် စီးပွားရေးအခွင့်အလမ်းများနှင့်
စွမ်းအင်ဆိုင်ရာ စီမံကိန်းများလုပ်ဆောင်ရန် တူရကီ၏ သဘောတူညီချက်ရယူရန် လိုအပ်သည့်အခွင့်အရေးများ
ရရှိခဲ့ပါသည်။ ဂရိနှင့် ဆိုက်ပရပ်စ် နိုင်ငံတို့သည် အဆိုပါသဘောတူညီချက်အား ကန့်ကွက်ခဲ့ပြီး
၎င်းသည် အပြည်ပြည်ဆိုင်ရာ ဥပဒေအားဆန့်ကျင်ပြီး ဒေသတွင်းရှိ ၎င်းတို့၏ ကိုယ်ပိုင်အခွင့်အရေးများကို
ချိုးဖောက် လျက်ရှိသည်ဟု ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ကျောထောက်
နောက်ခံပြု လစ်ဗျားအစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်များသည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့်
လစ်ဗျားနိုင်ငံသို့ လက်နက်ရောင်းချခွင့် ပိတ်ပင်ထားသော ကုလသမဂ္ဂ၏ထုတ်ပြန်ချက်တို့ကို
ချိုးဖောက်ခြင်းဖြစ်သဖြင့် ၎င်းတို့ ၅ နိုင်ငံက ကန့်ကွက် ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment