တူရကီစစ်ဘက်ယာဉ်တန်း ၅ တန်းသည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၊ အိုင်ဒဲလစ် (Idlib) မြို့ရှိ ဘေးကင်းဇုန်သို့ ဝင်ရောက်လာခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေး ဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့ပါသည်။ အဆိုပါယာဉ်တန်းများတွင် သံချပ်ကာ လူသယ်ယာဉ်များအပါအဝင် သံချပ်ကာယာဉ် ၂၀ စီးခန့်ပါဝင်ကြောင်း၊ ထောက်ပံ့ ပို့ဆောင်ရေးနှင့် စစ်လက်နက်ပစ္စည်းများအား သယ်ဆောင်လာခဲ့ကြောင်း အဆိုပါအဖွဲ့က ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သစ် ရရှိခဲ့သည့်အချိန်မှစ၍ စစ်ဘက်သုံးမော်တော်ယာဉ်အများအပြားကို ဆီးရီးယားပိုင်နက် အတွင်းသို့ပို့ဆောင်ခဲ့ရာ လက်ရှိအချိန်တွင် ၅,၈၇၀ စီးအထိ ရောက်ရှိလာခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။
No comments:
Post a Comment