ဘူလ်ဂေးရီးယားကြည်းတပ်နှင့် ဥရောပရှိ
အမေရိကန်လေတပ်မှ တပ်ဖွဲ့ဝင် ၇၅၀ ဦးခန့်သည် ချက်ရှ်နက်ဂျီရိုဗို (Cheshnegirovo) လေတပ်အခြေစိုက်စခန်းဧရိယာ
အတွင်း Thracian Summer 2020 အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ရပ်အား ပြုလုပ်ခဲ့ကြောင်း
Sofia Globe သတင်းဝဘ်ဆိုက်က ထုတ်ပြန်ခဲ့ပါသည်။ ၎င်းစစ်ရေး လေ့ကျင့်ခန်းသည် ယခုနှစ်တွင်
ဘူလ်ဂေးရီးယားလေတပ်မှ ဦးဆောင်၍ပြုလုပ်သည့် အကြီးဆုံးသော နိုင်ငံတကာစစ်ရေးလေ့ကျင့်မှုများထဲမှ
တစ်ခုဖြစ်ပါသည်။ စစ်ရေးလေ့ကျင့်ခန်း တွင် အမေရိကန် C-130 လေယာဉ်များနှင့် Spartan အမည်ရှိ
ဘူလ်ဂေးရီးယားစစ်ဘက် လေယာဉ်များမှ လေထီးစစ်သည်များ၏ မြေပြင်သို့ဆင်းသက်မှုများအပါအဝင်
Cougar နှင့် Mi-17 ရဟတ်ယာဉ်အဖွဲ့များက ထိခိုက်ဒဏ်ရာရသူများကို ပြန်လည်ကယ်ဆယ်ရေး ဆောင်ရွက်ချက်များနှင့်
လေကြောင်းဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးသရုပ်ပြမှုများ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment