တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ
(Hulusi Akar)၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယာရှာဂူလာ (Yashar Guler)နှင့် စစ်ဘက်အရာရှိကြီးများသည်
ပူးတွဲစစ်ရေး လေ့ကျင့်မှုများအား ကြည့်ရှုလေ့လာရန်အတွက် ဩဂုတ်လ ၁၂ ရက်တွင် အဇာဘိုင်ဂျန်
နိုင်ငံသို့ရောက်ရှိခဲ့ကြောင်း Trend သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူရကီစစ်ဘက် ကိုယ်စားလှယ်အဖွဲ့အနေဖြင့်
အဇာဘိုင်ဂျန်-တူရကီ နည်းဗျူဟာမြောက် ပူးပေါင်းပစ်ခတ်စဉ် နှင့် ကြည်း-လေ နည်းဗျူဟာမြောက်ပျံသန်းရေးဆိုင်ရာ
လေ့ကျင့်ခန်းများ၏ ပထမအဆင့် လေ့ကျင့်မှုများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း အစောပိုင်းသတင်းများ၌
ဖော်ပြ ခဲ့ပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းများသို့ အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီရက်
(Ilham Aliyev) လည်း တက်ရောက်အားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment