တူရကီနိုင်ငံက အီရတ်နိုင်ငံမြောက်ပိုင်း ကာ့ဒ် (Kurdistan) ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း
လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့စဉ် အီရတ်စစ်ဘက်တပ်ဖွဲ့ဝင်
၃ ဦး သေဆုံးခဲ့မှုအပေါ် အီရတ်အစိုးရက
ပြစ်တင်ရှုတ်ချခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ
စီဒီကန် (Sidekan) နယ်မြေတွင် မဆင်မခြင်လေကြောင်း တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ပြီး ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို
ချက်ချင်းရပ်တန့်ရန်လိုအပ် ကြောင်း အီရတ်သမ္မတရုံး သတင်းထုတ်ပြန်ရေးဌာနက ထုတ်ပြန်ခဲ့ပါသည်။ တူရကီနိုင်ငံ အနေဖြင့်
ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် နယ်စပ်ပြဿနာ များကို ဖြေရှင်းရာတွင် နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်ခြင်းဖြင့်
ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်သွားသင့်ကြောင်းကိုလည်း အီရတ်သမ္မတရုံး သတင်းထုတ်ပြန်ရေး
ဌာနက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment