Wednesday, August 5, 2020

News Bar

           ရုရှားသည် တူရကီနှင့် အဇာဘိုင်ဂျန်တို့၏ ကြီးမားသောအစီအစဉ်များအပေါ် တားဆီးနိုင်ရန်အတွက် အာမေးနီးယားနိုင်ငံသို့ ခေတ်မီလက်နက်များကိုပေးပို့ခဲ့ကြောင်း   BulgarianMilitary က ဩဂုတ်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ သတင်းဌာန၏ ဖော်ပြချက်များအရ ရုရှားနိုင်ငံမှပေးပို့ခဲ့သည့်ခေတ်မီလက်နက်များတွင် လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ တာတို၊ တာလတ်၊ တာဝေးပစ်ရေဒါများ၊ အီလက်ထရောနစ် စနစ်များ၊ တာဝေးပစ်အမြောက်စနစ်များနှင့် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်များ ပါဝင်ပါသည်။ ပြီးခဲ့သောဇူလိုင်လအလယ်ပိုင်းမှစတင်၍ ရုရှား၏ သယ်ယူပို့ဆောင်ရေး လေယာဉ်များသည် စစ်လက်နက်ပစ္စည်းတန်ချိန် ၄၀၀ ခန့်သယ်ဆောင်ပြီး  အာမေးနီးယား နိုင်ငံသို့ပေးပို့လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment