ဂရိနှင့် အီဂျစ်နိုင်ငံအကြား ပင်လယ်ရေကြောင်းဆိုင်ရာ သဘောတူညီချက်
နှင့်စပ်လျဉ်း၍ ဂရိနိုင်ငံခြားရေးဝန်ကြီးဟောင်း နီကို့စ်ကော့ဇီယာ(Nikos
Kotzias) က ဩဂုတ် လ ၇ ရက်တွင် ၎င်း၏ facebook စာမျက်နှာပေါ်၌ ပြစ်တင်ဝေဖန်ခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား
စေ့စပ်ညှိနှိုင်းမှုအောက်ရှိ ကိစ္စရပ်အားလုံးအပေါ် တွင် လိုက်လျောမှုများပေးအပ်ခဲ့ရကြောင်း ကော့ဇီယာက ပြောကြားခဲ့ပါသည်။ အဆိုပါ
သဘောတူညီချက်သည်
အလယ်ဗဟိုနယ်နိမိတ်စည်းမျဉ်း “middle line principle” ပေါ်တွင်အခြေခံထားရှိခြင်းဖြစ်ပြီး ၎င်းသဘောတူညီချက်နှင့်အညီ
ဂရိနိုင်ငံအနေဖြင့် ကမ်းရိုးတန်းများ အချိုးညီစွာ ခွဲဝေထားမှုအပေါ်
အခြေခံထားရှိကြောင်း ကော့ဇီယာ က ပြောကြားခဲ့ပါသည်။ သို့သော် အီဂျစ်နိုင်ငံသည်
အထူးစီးပွားရေးဇုန်ကို ညီတူညီမျှ ပိုင်းခြားထားခြင်းမရှိဘဲ ၅၅ ရာခိုင်နှုန်းထိ
ရယူထားရှိပြီး ဂရိနိုင်ငံအား ၄၅ ရာခိုင်နှုန်း သာလျှင် ပေးအပ်ခဲ့ကြောင်း ကော့ဇီယာက ပြစ်တင်ပြောကြားခဲ့သည်ဟု
သိရှိရပါသည်။
No comments:
Post a Comment