တူရကီနိုင်ငံသည် ပြင်သစ်နိုင်ငံနှင့်ဂရိဆိုက်ပရပ် (Greek Cypriot) မျိုးနွယ်စု အာဏာပိုင်တို့အကြားရရှိခဲ့သည့် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်၍ ရှုတ်ချကြောင်း ဩဂုတ်လ ၁၅ ရက်တွင် ပြောကြားခဲ့ပါသည်။ ဂရိဆိုက်ပရပ် မျိုးနွယ်စု အာဏာပိုင်များသည် တူရကီဆိုက်ပရပ် (Turkish Cypriots) မျိုးနွယ်စုများနှင့် ဆိုက်ပရပ် ကျွန်းတစ်ခုလုံးအား ကိုယ်စားပြုခြင်းမရှိသောကြောင့် အထက်ပါကာကွယ်ရေးသဘော တူညီချက်အား ရှုတ်ချကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အထက်ပါ ကာကွယ်ရေးသဘောတူညီချက်သည် ဩဂုတ်လ ၁ ရက်တွင် စတင်အသက်ဝင် ခဲ့သော်လည်း ပြင်သစ်နိုင်ငံနှင့် ဂရိဆိုက်ပရပ် မျိုးနွယ်စုအာဏာပိုင်တို့က ဩဂုတ်လ ၁၅ ရက်မှသာ ၎င်းသဘောတူညီချက်အား ကြေညာခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment