Tuesday, June 7, 2022

တူရကီကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်စက်ရုံသည် Ak၊nc၊ UCAV အတွက် ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်အသစ်များကိုထုတ်လုပ်ရန် စီစဉ်လျက်ရှိခြင်း

 Dailysabah;Jun-7(Tue)

              တူရကီသိပ္ပံနှင့် နည်းပညာသုတေသနကောင်စီ၏ ကာကွယ်ရေးစက်မှုလုပ်ငန်း သုတေသနနှင့်တီထွင်ထုတ်လုပ်ရေးအဖွဲ့အစည်း (SAGE) သည် တူရကီနိုင်ငံ၏ ခေတ်မီ ဆန်းသစ်သော မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် Aknc တွင် တပ်ဆင်အသုံးပြုရန် ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်များအား လေကြောင်းတပ်ဖွဲ့နှင့် ပူးပေါင်းထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါအစီအစဉ်သည် အနာဂတ်အတွက် အခြားသော ပလက်ဖောင်းများဖြစ်နိုင်ကြောင်းနှင့် ၎င်းကိစ္စနှင့်ပတ်သက်၍ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း ကောင်စီ၏အထွေထွေညွှန်ကြားရေးမှူး ယူဂျန်းအိုခိုးမိုးရှီး (Gurcan Okumus) က Gebze ခရိုင်၊ Kocaeli ပြည်နယ်၏ အနောက်မြောက်ပိုင်းရှိ IT Valley တွင် ကျင်းပပြုလုပ်သည့် MMG-EURITECH Eurasia R&D၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဆိုင်ရာထိပ်သီးအစည်းအဝေးနှင့်ပြပွဲအတွင်း Anadolu Agency သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။  

              ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်များသည် အလွန်အရေးပါပြီး ၎င်းတို့ကို လေယာဉ်၏ ဓားတစ်လက်အဖြစ်သတ်မှတ်ကြောင်း ယူဂျန်းအိုခိုးမိုးရှီးက ပြောကြားခဲ့ပါသည်။ ပြည်တွင်းမှ နိုင်ငံသားများထုတ်လုပ်သော ထုတ်ကုန်များရှိခြင်းသည် ၎င်းထုတ်ကုန်များအား ဆတိုး ထုတ်လုပ်ရန်လွယ်ကူမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ အဆိုပါဒုံးကျည်များ အားအသုံးပြု၍ အဝေးမှပစ်မှတ်အားပစ်ခတ်နိုင်ရန် ရည်ရွယ်ထားပါသည်။ ထို့ပြင် မြင့်မားသောနည်းပညာကို အခြားသောနိုင်ငံများနှင့် အလွယ်တကူမမျှဝေနိုင်ခြင်း၊ သို့မဟုတ် မျှဝေမှုပြုလုပ်လျှင်ပင် အလုံးစုံပေးအပ်မည်မဟုတ်ကြောင်းနှင့် နည်းပညာလွှဲပြောင်းမှု ကိုလည်း ပြည်ပမှအလွယ်တကူရယူရန်မဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ကြောင့် စီမံကိန်းတိုင်း၏ရလဒ်သည် အောင်မြင်မှုအသစ်ပင်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် မောင်းသူမဲ့လေယာဉ်များအတွက် ပြည်တွင်းဖြစ် နောက်ဆုံးပေါ် သေးငယ်သောခဲယမ်းမီးကျောက်များအား အမြောက်အမြားထုတ်လုပ် နေပြီဖြစ်ကြောင်း ယူဂျန်းအိုခိုးမိုးရှီးက အစောပိုင်းတွင်ထုတ်ပြန်ခဲ့ပါသည်။ တူရကီ SAGE မှ တီထွင်ထုတ်လုပ်ထားသည့် Bozok လေဆာလမ်းညွှန်စမ်းသပ်ပစ်ခတ်မှုများစွာအား အောင်မြင်စွာပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ၎င်းဒုံးကျည်များအား Baykar ဒရုန်းကုမ္ပဏီမှ ထုတ်လုပ်သော မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် Bayraktar TB2 တွင် စမ်းသပ်ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment