Monday, June 27, 2022

ဆီးရီးယားနယ်စပ်ရှိ ကာ့ဒ်သူပုန်များအပေါ် စစ်ဆင်ရေးအသစ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတက ပြောကြားခဲ့ခြင်း

 

Xinhua; Jun-27 (Mon)

              တူရကီနိုင်ငံအနေဖြင့် ၎င်းတို့၏စစ်ရေးပြင်ဆင်မှုများ အပြည့်အဝပြီးဆုံးပါက ဆီးရီးယားနယ်စပ်ရှိ ကာ့ဒ်သူပုန်များအပေါ် စစ်ဆင်ရေးအသစ်များ စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇွန်လ ၂၇ ရက်တွင် အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်ပြီးနောက် သတင်း ထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့ပါ သည်။

သုံးသပ်ချက်

              တူရကီစစ်ဘက်သည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ်သူပုန်များအပေါ် ၂၀၁၆ ခုနှစ်တွင် Euphraties Shield အမည်ရှိစစ်ဆင်ရေး၊ ၂၀၁၈ ခုနှစ်တွင် Olive Branch အမည်ရှိ စစ်ဆင်ရေး၊ ၂၀၁၉ ခုနှစ်တွင် Peace Spring အမည်ရှိစစ်ဆင်ရေးနှင့် ၂၀၂၀ ပြည့်နှစ်တွင် Spring Shield အမည်ရှိစစ်ဆင်ရေးတို့အား ပြုလုပ်ခဲ့ပါသည်။ အဆိုပါ စစ်ဆင်ရေးများသည် တူရကီနိုင်ငံအပေါ် အကြမ်းဖက်ခြိမ်းခြောက်မှုများကိုဖယ်ရှားရန်နှင့် ဆီးရီးယားဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး လွယ်ကူချောမွေ့စေမည့် ဘေးကင်းဇုန် တစ်ခုတည်ဆောက်နိုင်ရန်ရည်ရွယ်ကြောင်း တူရကီအစိုးရက ပြောကြားထားပါသည်။ ၎င်းနယ်နိမိတ်တစ်လျှောက်တွင် ကာ့ဒ်စစ်သွေးကြွများသည် အခြေစိုက်စခန်းများ တည်ဆောက်ကာ ဒေသခံများ၏လုံခြုံရေးနှင့် နိုင်ငံတော်လုံခြုံရေးကို ထိပါးစေသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် သမ္မတ အာဒိုဂန်သည် ၎င်းတို့၏စစ်ရေးပြင်ဆင်မှုများ အပြည့်အဝပြီးဆုံးပါက ဆီးရီးယားနယ်စပ်ရှိ ကာ့ဒ် သူပုန်များအပေါ် စစ်ဆင်ရေးအသစ်များ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ယခုသီတင်းပတ်အတွင်းကျင်းပမည့် NATO ထိပ်သီးအစည်းအဝေး၌ သမ္မတ အာဒိုဂန်သည် အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်၍ နိုင်ငံအချို့၏ဆောင်ရွက်ချက်များကိုပြသရန် စာရွက်စာတမ်းအထောက်အထားများ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့ဖြစ်၍ တူရကီနိုင်ငံအနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများအား နိုင်ငံတကာမှ အသိအမှတ်ပြုလက်ခံလာစေရန် ကြိုးပမ်း လုပ်ဆောင်၍ ဆီးရီးယားကာဒ်သူပုန်များအပေါ် ထိုးစစ်ဆင်တိုက်ခိုက်လာမည်ဆိုပါက နယ်စပ်တစ်လျှောက်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ် ပါသည်၊၊

No comments:

Post a Comment