Wednesday, June 15, 2022
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် နှင့် NATO အဖွဲ့ အထွေထွေအတွင်းရေးမှူး ဂျန်စ်စတိုတန်ဘာ့ဂ် တို့ဆုံခဲ့ခြင်း
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် NATO အဖွဲ့ အထွေထွေအတွင်းရေးမှူး ဂျန်စ်စတိုတန်ဘာ့ဂ် (Jens Stoltenberg) တို့သည် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ NATO အဖွဲ့ဝင်ဖြစ်ရေး ကိစ္စရပ်နှင့်ပတ်သက်၍ ဇွန်လ ၁၅ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း Xinhua သတင်းဌာနက ဇွန်လ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ဆွီဒင်နှင့် ဖင်လန်နိုင်ငံ တို့၏ NATO အဖွဲ့ဝင်ဖြစ်ရေး တောင်းဆိုမှုများနှင့်ပတ်သက်၍ တူရကီနိုင်ငံ၏ စိုးရိမ်မှု များအပေါ် ဖြေရှင်းဆောင်ရွက်သင့်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းနှစ်နိုင်ငံအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ကာကွယ်ရေးဆိုင်ရာလုပ်ငန်း များတွင် စံနမူနာပြလုပ်ဆောင်နိုင်မည့် ကတိကဝတ်များအပါအဝင် တူရကီ၏ မှန်ကန်သည့် မျှော်မှန်းချက်များနှင့် ကိုက်ညီသောလုပ်ဆောင်မှုများမရှိဘဲ NATO အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုမှာ တိုးတက်လာနိုင်မည်မဟုတ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Labels:
တူရကီ,
နိုင်ငံရေး,
နေတိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment