Tuesday, June 28, 2022

ကာလီနင်ကရက်ဒေသသို့ ကုန်စည်စီးဆင်းမှုကို လစ်သူရေးနီးယားက ပိတ်ဆို့ထားခြင်းသည် စစ်ရေးပဋိပက္ခသို့ ဦးတည်လျက်ရှိကြောင်း ရုရှားအထက်လွှတ်တော်အမတ်က ခြိမ်းခြောက်ပြောကြားခဲ့ခြင်း

 

Ukrainska Pravda; Jun-29 (Wed)

              ရုရှားနိုင်ငံ၏ ပင်မကုန်းမြေနှင့် ကာလီနင်ကရက်ဒေသ (Kaliningard) တို့ အကြား ကုန်စည်စီးဆင်းမှုများကို လစ်သူရေးနီးယားနိုင်ငံက ပိတ်ဆို့ထားမှုသည် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရေးဆီသို့ ဦးတည်လျက်ရှိကြောင်း ရုရှားအထက်လွှတ်တော်၏ နိုင်ငံ တကာရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ () ဖြစ်သူ ဗလာဒီမာဇာဘာရို့ဗ် (Vladimir Dzhabarov) က ခြိမ်းခြောက်ပြောကြားခဲ့သည်ဟု Ukrainska Pravda သတင်းဌာနက ဇွန်လ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရုရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ အရ နိုင်ငံ၏ နယ်မြေလုံခြုံရေးနှင့် ကာကွယ်ရေးကို မဖြစ်မနေလုပ်ဆောင်သွားမည်ဖြစ်ပြီး လုံခြုံရေးချိုးဖောက်ခံရမှုနှင့် နယ်မြေများ လက်လွတ်ဆုံးရှုံးစေရန် ရည်ရွယ်သည့် ခြိမ်းခြောက်ခံရမှုတို့ တွေ့ကြုံခဲ့ပါက ရုရှားအနေဖြင့် ပြင်းထန်စွာတုံ့ပြန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ဇာဘာရို့ဗ်က ထည့်သွင်းပြောကြားခဲ့ပါသည်။

              အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၏ညွှန်ကြားချက်အရ လစ်သူရေးနီးယားနိုင်ငံ သည် ကာလီနင်ကရက်ဒေသသို့ ကုန်စည်စီးဆင်းမှုကို ပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်းနှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization- NATO) သည်လည်း အဆိုပါအရေးကိစ္စနှင့်စပ်လျဉ်း၍ စဉ်းစားသုံးသပ်လျက်ရှိကြောင်း ဇာဘာရို့ဗ်က ပြောကြားခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံသည် ဥရောပသမဂ္ဂ၏ လမ်းညွှန်ချက်နှင့်အညီ ကာလီနင်ဂရက်ဒေသသို့ သံမဏိနှင့် သံသတ္တုများ သယ်ဆောင် မှုကို ပိတ်ပင်ခဲ့ရာ ရုရှားက အဆိုပါပိတ်ဆို့မှုသည် နိုင်ငံတကာသဘောတူညီချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းအရေးကိစ္စအပေါ် တုံ့ပြန်ဆောင်ရွက် သွားမည်ဟုလည်း ခြိမ်းခြောက်ပြောကြားခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံက ပြုလုပ် ခဲ့သည့် အရေးယူပိတ်ဆို့မှုနှင့်စပ်လျဉ်း၍ ဥရောပကော်မရှင်၏ ပိတ်ဆို့အရေးယူမှု လမ်းညွှန်ချက်များဆိုင်ရာ ဥပဒေရှုထောင့်ကို ပြန်လည်သုံးသပ်သွားမည်ဟု ဥရောပသမဂ္ဂ၏ ပြည်ပရေးရာနှင့် လုံခြုံရေးမူဝါဒရေးရာအကြီးအကဲ ဂျိုးဆက်ဘော်ရယ်လ် (Josep Borrell) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment