Saturday, June 25, 2022

တူရကီထောက်လှမ်းရေးအေဂျင်စီသည်ဂရိသူလျှိုအဖြစ် လုပ်ကိုင်နေသော ဂရိအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ခြင်း

     တူရကီထောက်လှမ်းရေးအေဂျင်စီသည် ဂရိအမျိုးသားထောက်လှမ်းရေးဌာန (EYP) ကိုယ်စား နိုင်ငံအတွင်း သူလျှိုအဖြစ် လုပ်ကိုင်နေသော ဂရိအမျိုးသားတစ်ဦးကို ဇွန်လ ၂၅ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဇွန်လ ၂၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီအမျိုးသားထောက်လှမ်းရေးအဖွဲ့ (MIT) ၏ စုံစမ်းစစ်ဆေးမှုရလဒ်အရ EYP သည် တူရကီနိုင်ငံအား ထောက်လှမ်းနိုင်ရန်အတွက် ဂရိနိုင်ငံသား မာမွတ်အမာအမ်ပါရာ (Muhammed Amar Ampara) နှင့် လက်တွဲ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု တူရကီလုံခြုံရေးသတင်း အရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ တူရကီနယ်စပ်တွင် တူရကီတပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားမှုနှင့်ပတ်သက်၍ အချက်အလက်စုဆောင်းရန်အတွက် အမ်ပါရာသည် တူရကီနိုင်ငံတွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် ဟန်ဆောင်နေခဲ့ခြင်းဖြစ်ပါသည်။ ၎င်းသည် တူရကီနိုင်ငံအတွင်းနေထိုင်သည့် ဆီးရီးယားလူမျိုးများကို သုတေသနပြုလုပ် ခဲ့သည့်အပြင် Fetullah အကြမ်းဖက်အဖွဲ့ကိုထောက်ပံ့သည့် ဂရိနိုင်ငံ၌အခြေချနေထိုင် သည့် စီးပွားရေးသမားတစ်ဦးလည်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment