Wednesday, June 1, 2022

ဘူဂေးလ်ရီးယားနိုင်ငံသည်ယူကရိန်း ရွှေ့ပြောင်းဒုက္ခသည်များအား ဆက်လက်ထားရှိရန်မဖြစ်နိုင်ဟု ဘူဂေးလ်ရီးယားဝန်ကြီးချုပ် ကပြောကြားခဲ့ခြင်း

 

    ဘူဂေးလ်ရီးယားနိုင်ငံ ပင်လယ်ကမ်းခြေရှိ အဆင့်မြင့်ဟိုတယ်များ၌ ယူကရိန်း ရွှေ့ပြောင်းဒုက္ခသည်များအား ဆက်လက်ထားရှိရန်မဖြစ်နိုင်ဟု ဘူဂေးလ်ရီးယားဝန်ကြီးချုပ် ကာရီလ်ပက်ကော့ဗ် (Kiril Petkov) က မေလ ၃၁ ရက်တွင် ပြောကြားခဲ့ကြောင်း Sputnik သတင်းဌာနက ဇွန်လ ၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဘူဂေးလ်ရီးယားရှိ အဆင့်မြင့် ဟိုတယ်များ၌ ယူကရိန်းဒုက္ခသည်များအား အချိန်ကာလ ၃ လခန့် ထားရှိပြီးဖြစ်သော် လည်း အဆိုပါဒုက္ခသည်များအား အဆင့်မြင့်ဟိုတယ်များ၌ ကာလကြာရှည်ထားရှိနိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ပင်လယ်ကမ်းခြေရှိ ပုဂ္ဂလိက အဆင့်မြင့်ဟိုတယ်များ၌ ထားရှိထားသည့် ယူကရိန်းရွှေ့ပြောင်းဒုက္ခသည်များအား နိုင်ငံတော် ရန်ပုံငွေဖြင့်တည်ဆောက်ထားသည့် အဆောက်အဦများသို့ ရွှေ့ပြောင်းမည်ဟုလည်း ဘူဂေးလ်ရီးယားအစိုးရက ပြီးခဲ့သည့်ရက်အနည်းငယ်က ကြေညာခဲ့ပါသည်။ ယူကရိန်း နိုင်ငံအား ရုရှားနိုင်ငံမှ စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ပြီးသည့်နောက်ပိုင်း ဘူဂေးလ်ရီးယား သည် ယူကရိန်းရွှေ့ပြောင်းဒုက္ခသည် ၃၀၀,၀၀၀ နီးပါးအား လက်ခံထားရှိကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment