Tvpworld;Jun-6(Mon)
ပိုလန်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ၏ သဘာဝဓာတ်ငွေ့တင်သွင်းမှုများ တိုးမြှင့်လာမှုကြောင့် ၎င်းနိုင်ငံ၏ Gdansk ပင်လယ်ကွေ့ရှိ ဓာတ်ငွေ့သိုလှောင်ဖြန့်ဖြူးရေး ဌာန (Floating Storage and Regasification Unit –FSRU) တွင် တစ်နှစ်အတွင်း လက်ရှိ ဓာတ်ငွေ့သိုလှောင်မှုပမာဏ ၆ ဘီလီယံကုဗမီတာမှ ၁၂ ဘီလီယံကုဗမီတာထိ နှစ်ဆ တိုးမြှင့်ထားရှိသွားမည်ဖြစ်ကြောင်း ပိုလန်ရာသီဥတုဆိုင်ရာဝန်ကြီး အန်နာမော့စ်ကီဖာ (Anna Moskwa) က နိုင်ငံအရှေ့ပိုင်း Lublin မြို့၌ကျင်းပပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာကွန်ဂရက်တစ်ခုတွင် ပြောကြားခဲ့ပါသည်၊၊ FSRU သည် ဘောလ်တစ်ပင်လယ်ရှိ ဓာတ်ငွေ့တင်သင်္ဘောများမှ သဘာဝဓာတ်ငွေ့ရည်များ (Liquefied Natural Gas-LNG) ကို အခြားသောနေရာများသို့ ပြန်လည်ပို့လွှတ်နိုင်ရန်ရည်ရွယ်၍ Gdansk ဆိပ်ကမ်းတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း အန်နာမော့စ်ကီဖာက အလေးထားပြောကြားခဲ့ပါသည်။
ထို့ပြင် ဥရောပစွမ်းအင်ဖူလုံရေးအတွက် အဓိကအချက်မှာ
မြောက်-တောင် ကွန်ရက် (North-South Thread) ဖြစ်သည့် Three Seas နိုင်ငံများနှင့်
ချိတ်ဆက်နိုင်ခြင်း အပါအဝင် ဓာတ်ငွေ့ဆိပ်ကမ်းများအသုံးပြုနိုင်ရန်
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ Three Seas စီမံချက်သည်
ဘောလ်တစ် ပင်လယ် (Baltic Sea)၊ ပင်လယ်နက်(Black Sea) နှင့် အေဒရီအက်တစ် (Adriatic)
ပင်လယ်တို့အကြားရှိ နိုင်ငံ ၁၂ နိုင်ငံ၏ စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံများနှင့်
ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်သည့် စီမံကိန်းတစ်ခု ဖြစ်ပါသည်။
၎င်းစီမံကိန်းနှင့်စပ်လျဉ်း၍ ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယားနိုင်ငံတို့ နှင့်လည်း
ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိသည့်အပြင် ယူကရိန်းနိုင်ငံနှင့် ချိတ်ဆက်ပို့ဆောင်နိုင်ရေးအတွက်
ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်သွားရန် လိုအပ်ကြောင်း အန်နာမော့စ်ကီဖာက
ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment