Sunday, June 12, 2022

ဥရောပရှိ NATO အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းသို့ တင့်ကားများပေးပို့မှုကို ရပ်တန့်ခဲ့ခြင်း

Newsmax; Jun-13(Mon)

ဥရောပရှိ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization-NATO) နိုင်ငံများသည် ယူကရိန်းစစ်ဘက်တပ်ဖွဲ့ဝင်များအတွက် တင့်ကားများပေးပို့ခြင်းကို ရပ်တန့်ရန်သဘောတူညီခဲ့ကြောင်း Newsmax သတင်း ဌာနက ဇွန်လ ၁၃ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ရုရှားနိုင်ငံက တင့်ကားများ အတွက် လိုအပ်သောသံချပ်ကာများ ထုတ်လုပ်နိုင်သည့် တိုင်တေးနီယမ်ဒြပ်စင်များ အပါအဝင် အခြားသောဆက်စပ်ပစ္စည်းများရောင်းချခြင်းကို ရပ်ဆိုင်းခဲ့ခြင်းကြောင့် NATO အဖွဲ့ဝင်နိုင်ငံများ၌ စစ်လက်နက်ပစ္စည်းအမြောက်အမြား ထုတ်လုပ်နိုင်ခြင်း မရှိတော့သဖြင့် အထက်ပါအတိုင်း ယူကရိန်းသို့ တင့်ကားများထောက်ပံ့ပေးမှုများကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုးစစ်ဆင်တိုက်ခိုက်နိုင်သည့် တင့်ကားများ ပေးပို့မှုကို ရပ်တန့်ခဲ့သော်လည်း သံချပ်ကာယာဉ်များ၊ လူသယ်သံချပ်ကာယာဉ်များ အပါအဝင် ကာကွယ်ရေးနှင့် လုံခြုံရေးဆောင်ရွက်မှုများပြုလုပ်နိုင်သည့်ယာဉ်များ ထောက်ပံ့ ပေးပို့မှုကိုမူ ရပ်တန့်သွားမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ထို့ပြင် ယာဉ်တင်/ယန္တရားတင်အမြောက်များ ထောက်ပံ့ပေးမှုကိုလည်း ကန့်သတ်မှုမရှိကြောင်း သတင်းဌာနများက ဖော်ပြထားပါသည်။ ထိုကဲ့သို့ တင့်ကားများ ပေးပို့မှုရပ်တန့်ရန် သဘောတူညီမှုများနှင့်ပတ်သက်၍ ယခင်က Leopard A4 အမျိုးအစား ဂျာမနီတင့်ကားများအား ယူကရိန်းနိုင်ငံသို့ ပေးပို့ရန်ဖိအားပေးတောင်းဆို ခဲ့မှုများအတွက် စပိန်အစိုးရက ဂျာမနီအစိုးရကို တောင်းပန်မှုပြုလုပ်ခဲ့ပါသည်။ Leopard A4 အမျိုးအစား ဂျာမနီတင့်ကားများသည် ချို့ယွင်းမှုရှိပြီး ပြုပြင်ရန် လိုအပ်နေစဉ် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအတွင်း ယူကရိန်းသို့တင့်ကားများ ပေးပို့ရန်အတွက် ဖိအားပေးမှုများပြုလုပ်ခဲ့သဖြင့် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုဇ် (Olaf Scholz) သည် ဖိအားများနှင့်ရင်ဆိုင်ခဲ့ရသောကြောင့် စပိန်အစိုးရက အထက်ပါ အတိုင်း တောင်းပန်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment